
(၂၈-၇-၂၀၁၇) ရက်နေ့တွင် ရေဘေးသင့်ခဲ့သော ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့လုံးဖောကျေးရွာမှ အိမ်ထောင်စု (၅၉) စု၊ လူဦးရေ (၂၂၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၅၉) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၄၇၄၆၀၀) ကျပ်ကို လည်းကောင်း၊
အေးချမ်းသာကျေးရွာမှ အိမ်ထောင်စု (၂၀) စု၊ လူဦးရေ (၈၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂၀) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၇၀၁၀၀) ကျပ်ကို လည်းကောင်း၊
(၂၉-၇-၂၀၁၇) ရက်နေ့တွင် ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ထောက်ပံ့ပေးခဲ့ပါသည်။
ထို့နောက် (၃၀-၇-၂၀၁၇) ရက်နေ့တွင် ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဖော့သုတ်ကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စု (၅၀) စု၊ လူဦးရေ (၂၂၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၅၀) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၄၆၈၃၀၀) ကျပ်ကို လည်းကောင်း ဆက်လက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)