ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်မှုသတင်း

30_pic02

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း မြစ်ရေကြီးမြင့်မှုကြောင့် ကယ်ဆယ်ရေးစခန်းများသို့ (၂၇-၇-၂၀၁၇) ရက်နေ့တွင်  အိမ်ခြေ (၂၀၀) လုံး၊ အိမ်ထောင်စု (၂၀၀) စုမှ လူဦးရေ (၈၇၇) ဦး ပြောင်းရွှေ့နေထိုင်ခဲ့ရာ ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၈၄၁၇၀၀) ကျပ်အား (၂၈-၇-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events