Category Archives: News
-
မီးဘေးထောက်ပ့ံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၇)နေ့တွင် မုဒုံမြို့နယ်၊ မြို့မ (၁) ရပ်ကွက်တွင် ရေခဲသေတ္တာအပူလွန်ကဲပြီး မီးလောင်ပျက်စီးခဲ့သည့် လူနေအိမ် (၁)လုံံး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၁)မျိုး (၁)အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ဆန်ဖိုးငွေ (၇) ရက်စာ(၆၃၀၀) စုစုပေါင်း (၂၀၆၃၀၀)တို့အား (၃၁.၇.၂၀၁၇)ရက်နေ့တွင် ထောက်ပ့ံခဲ့ကြောင်းသတင်းရရှိပါသည်။Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၇) ရက်နေ့တွင် တန့်ယန်းမြို့နယ်၊ မန်ကတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ရွာသူ/ရွာသားများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ ကျောင်းသား ဦးရေ (၂၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကလေးမြို့နယ်၊ တောင်ဦးကျေးရွာ၌ မြစ်သာမြစ်ကမ်းပါးပြိုကျမှှုကြောင့် နေအိမ်ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ တောင်ဦးကျေးရွာ၌ (၂၆-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြစ်သာမြစ်ကမ်းပါးပြိုကျမှှုကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၈) ဦးတို့သည် နေအိမ်ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရသည့်အတွက် ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၇) ရက်နေ့၊ နံနက် (၁၁း၃၀) နာရီအချိန်တွင် ကလေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ရွှေ့ပြောင်းအိမ်ထောင်စု (၁) စုထံ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့်အတူ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၆၈၀၀) ကျပ် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၇)နေ့တွင် ဘားအံမြို့၊ BAJ လူငယ်စက်မှုလက်မှုသင်တန်းကျောင်း၌ သင်တန်းသား/သူ(၁၀၀)ဦးအားကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့်ပတ်သက်၍သိကောင်းစရာများ ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု နှင့် ကရင်ပြည်နယ်တွင်ဖြစ်လေ့ရှိသော ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေး စသော သဘာဝဘေးအန္တရာယ် ဆောင်ရန် / ရှောင်ရန်အချက်များ ကိုဟောပြောခဲ့ပြီးသဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊ DAN mobile application အသုံးပြုပုံများဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
နမ့်စန်မြို့နယ်၊ နမ့်မော်ခေါက်ဆင့်ကျေးရွာ မူလွန်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၇) ရက်နေ့၊ ညနေပိုင်းတွင် နမ့်စန်မြို့နယ်၊ နမ့်မော်ခေါက်ဆင့်ကျေးရွာ မူလွန်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ အင်အား (၂၂၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
နမ့်စန်မြို့နယ်၊ ကာလေကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် နမ့်စန်မြို့နယ်၊ ကာလေကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ အင်အား (၂၀၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းလမုကျေးရွာ၌ (၂၇-၇-၂၀၁၇) ရက်နေ့မှစ၍ ဖြစ်ပွားခဲ့သည့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေနစ်မြုပ်အိမ်ခြေ (၄၆) လုံး၊ အိမ်ထောင်စု (၄၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး(၄၆) စုစာနှင့် လူဦးရေ (၂၃၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၉၉,၈၀၀) ကျပ်တို့အား (၃၀-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၇) ရက်နေ့တွင် လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် “လပွတ္တာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း” အမှတ်စဉ် (၁/၂၀၁၇) ၌ သင်တန်းတက်ရောက်လျက်ရှိသည့် လပွတ္တာမြို့နယ်/ မော်လမြိုင် ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်း (၂၆) ဦးအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် သင်ခန်း စာများပို့ချခြင်းနှင့် DAN Mobile Application ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)









