ကလေးမြို့နယ်၊ တောင်ဦးကျေးရွာ၌ မြစ်သာမြစ်ကမ်းပါးပြိုကျမှှုကြောင့် နေအိမ်ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း

31_pic01
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ တောင်ဦးကျေးရွာ၌ (၂၆-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြစ်သာမြစ်ကမ်းပါးပြိုကျမှှုကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၈) ဦးတို့သည် နေအိမ်ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရသည့်အတွက် ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၇) ရက်နေ့၊ နံနက် (၁၁း၃၀) နာရီအချိန်တွင် ကလေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ရွှေ့ပြောင်းအိမ်ထောင်စု (၁) စုထံ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့်အတူ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၆၈၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၁၆၈၀၀) ကျပ်တို့အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events