လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၇)နေ့တွင် မုဒုံမြို့နယ်၊ မြို့မ (၁) ရပ်ကွက်တွင် ရေခဲသေတ္တာအပူလွန်ကဲပြီး မီးလောင်ပျက်စီးခဲ့သည့် လူနေအိမ် (၁)လုံံး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၁)မျိုး (၁)အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ဆန်ဖိုးငွေ (၇) ရက်စာ(၆၃၀၀) စုစုပေါင်း (၂၀၆၃၀၀)တို့အား (၃၁.၇.၂၀၁၇)ရက်နေ့တွင် ထောက်ပ့ံခဲ့ကြောင်းသတင်းရရှိပါသည်။Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)