ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၇) ရက်နေ့တွင် လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် “လပွတ္တာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း” အမှတ်စဉ် (၁/၂၀၁၇) ၌ သင်တန်းတက်ရောက်လျက်ရှိသည့် လပွတ္တာမြို့နယ်/ မော်လမြိုင် ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်း (၂၆) ဦးအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် သင်ခန်း စာများပို့ချခြင်းနှင့် DAN Mobile Application ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)