
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၇) ရက်နေ့၊ ညနေပိုင်းတွင် နမ့်စန်မြို့နယ်၊ နမ့်မော်ခေါက်ဆင့်ကျေးရွာ မူလွန်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ အင်အား (၂၂၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)