လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၇)နေ့တွင် ဘားအံမြို့၊ BAJ လူငယ်စက်မှုလက်မှုသင်တန်းကျောင်း၌ သင်တန်းသား/သူ(၁၀၀)ဦးအားကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့်ပတ်သက်၍သိကောင်းစရာများ ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု နှင့် ကရင်ပြည်နယ်တွင်ဖြစ်လေ့ရှိသော ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေး စသော သဘာဝဘေးအန္တရာယ် ဆောင်ရန် / ရှောင်ရန်အချက်များ ကိုဟောပြောခဲ့ပြီးသဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊ DAN mobile application အသုံးပြုပုံများဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)