Category Archives: News
-
လပွတ္တာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)၊ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံအား ကြည့်ရှုစစ်ဆေးမှုသတင်း
လပွတ္တာခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက ဘေးသင့်ပြည်သူများထံသို့ ကယ်ဆယ်ရေးပစ္စည်းများ အချိန်မီထောက်ပံ့နိုင်ရေးနှင့် လိုအပ်သည်များ စီမံကွပ်ကဲမှုပြုလုပ်ပေးနိုင်ရေးအတွက် လပွတ္တာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များသည် (၂-၈-၂၀၁၇) ရက်နေ့တွင် လပွတ္တာခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရှိ ကယ်ဆယ်ရေးပစ္စည်းများထားရှိရာ သိုလှောင်ရုံအား စစ်ဆေးခဲ့ရာ လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်းများ ထားရှိမှုနှင့် သဘာဝဘေးဖြစ်ပေါ်လာပါက ဘေးသင့်ပြည်သူများထံသို့အချိန်မီထောက်ပံ့နိုင်ရေး စီမံထားရှိမှုအခြေအနေတို့အား ရှင်းပြခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးမှလည်း လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
(၁-၈-၂၀၁၇)ရက်နေ့ (၁၄:၅၀)နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအုပ်စု၊ ရပ်ကွက်(၅)၌ လေဆင်နှာမောင်းတိုက်ခတ်မှု ခံစားခဲ့ရသော ဘေးသင့်သူများအတွက် ထောက်ပံ့ပြီးစီးခြင်း
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအုပ်စု၊ ရပ်ကွက်(၅)၌ (၁-၈-၂၀၁၇)ရက်နေ့ (၁၄:၅၀)နာရီခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရာ ထိုတစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၇)မျိုးပါ ပလတ်စတစ်ပုံး(၁)ပုံးနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်သူ (၃)ဦးအတွက် ဆန်ရိက္ခာဖိုး ငွေ(၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-) ကျပ်တို့အား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၂-၈-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာအုပ်စု (၁၄) မိုင်နေ လေဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
(၁၇-၇-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ဘန်းကချွန်းကျေးရွာအုပ်စု (၁၄) မိုင်၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံးပြိုလဲပျက်စီးခဲ့ရာ အဆိုပါနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂) သိန်းကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၂၆၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၂၁၂၆၀၀) ကျပ်တိတိအား ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘန်းကချွန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ (၃၁-၇-၂၀၁၇) ရက်နေ့၊ (၁၈းဝ၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စာတမ်းဖတ်ပွဲ (၆/၂၀၁၇)ကျင်းပပြုလုပ်မှုသတင်း
(၁-၈-၂၀၁၇)၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်း ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး အစီအစဉ် များအတွက် ဆန်းစစ်လေ့လာခြင်းစာတမ်း(၆/၂၀၁၇)ကို ဖတ်ကြားရာ ဆန်းစစ်တွေ့ရှိချက် များအရ Facebook လူမှုကွန်ယက်မီဒီယာသည် အချိန်တိုအတွင်း ပညာပေးမှုကို ပြန့်နှံ့ အောင် ဆောင်ရွက်နိုင်ကြောင်း၊ ရုပ်မြင်သံကြားနှင့်ရေဒီယိုများ၊ သတင်းစာ၊ ဂျာနယ်၊ လက်ကမ်းစာစောင်များ၊ ဟောပြောပွဲများ၊ အသိပညာပေးသင်တန်းများ၊ ကျောင်းသင်ခန်းစာ များတွင် ထည့်သွင်းသင်ကြားခြင်း စသည်တို့သည်လည်း အစဉ်အလိုက်အသိပညာပေးမှု များကို ပြန့်နှံ့စွာ ဆောင်ရွက်နိုင်ကြောင်း တင်ပြဆွေးနွေး ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက … Read more
-
တိုက်ပွဲရှောင်ပြည်သူများအတွက် မိုးကာအနွေးထည်များ ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဟာဂျူလီကုမ္မဏီ(ရန်ကုန်) မြို့မှ တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းသော မိုးကာအနွေးထည်(၁၀၀)ထည်အား မြစ်ကြီးနားမြို့ ၊ ငွေပျော်စံပြကျေးရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းဆာမှတဆင့် (၁.၈.၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
တန့်ယန်းမြို့နယ် နမ့်ဟူးကျေးရွာ နမ့်ဟူးဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၁၇) ရက်နေ့၊ (၁၃:၃၀ ~ ၁၄:၃၀) နာရီအချိန်တွင် တန့်ယန်းမြို့နယ် နမ့်ဟူးကျေးရွာ နမ့်ဟူးဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူအင်အား (၁၅၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တန့်ယန်းမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၁၇) ရက်နေ့၊ (၁၀:၀၀ ~ ၁၁:၃၀) နာရီအချိန်တွင် တန့်ယန်းမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသားအင်အား (၅၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသမှ တိုက်ပွဲရှောင်ပြည်သူများအတွက် မိုးကာအနွေးထည်များအား ထောက်ပံ့မှုသတင်း
(၁-၈-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဟာဂျူလီကုမ္ပဏီ (ရန်ကုန်မြို့) မှ ရှမ်းပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းထားသော မိုးကာအနွေးထည် (၁၀၀) ထည်အား မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသမှ တိုက်ပွဲရှောင်ပြည်သူများအတွက် ဆီဆိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)









