(၁-၈-၂၀၁၇)ရက်နေ့ (၁၄:၅၀)နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအုပ်စု၊ ရပ်ကွက်(၅)၌ လေဆင်နှာမောင်းတိုက်ခတ်မှု ခံစားခဲ့ရသော ဘေးသင့်သူများအတွက် ထောက်ပံ့ပြီးစီးခြင်း

02_Pic-01
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအုပ်စု၊ ရပ်ကွက်(၅)၌ (၁-၈-၂၀၁၇)ရက်နေ့ (၁၄:၅၀)နာရီခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရာ ထိုတစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၇)မျိုးပါ ပလတ်စတစ်ပုံး(၁)ပုံးနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်သူ (၃)ဦးအတွက် ဆန်ရိက္ခာဖိုး ငွေ(၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-) ကျပ်တို့အား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၂-၈-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source : သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events