လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စာတမ်းဖတ်ပွဲ (၆/၂၀၁၇)ကျင်းပပြုလုပ်မှုသတင်း

(၁-၈-၂၀၁၇)၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်း ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး အစီအစဉ် များအတွက် ဆန်းစစ်လေ့လာခြင်းစာတမ်း(၆/၂၀၁၇)ကို ဖတ်ကြားရာ ဆန်းစစ်တွေ့ရှိချက် များအရ Facebook လူမှုကွန်ယက်မီဒီယာသည် အချိန်တိုအတွင်း ပညာပေးမှုကို ပြန့်နှံ့ အောင် ဆောင်ရွက်နိုင်ကြောင်း၊ ရုပ်မြင်သံကြားနှင့်ရေဒီယိုများ၊ သတင်းစာ၊ ဂျာနယ်၊ လက်ကမ်းစာစောင်များ၊ ဟောပြောပွဲများ၊ အသိပညာပေးသင်တန်းများ၊ ကျောင်းသင်ခန်းစာ များတွင် ထည့်သွင်းသင်ကြားခြင်း စသည်တို့သည်လည်း အစဉ်အလိုက်အသိပညာပေးမှု များကို ပြန့်နှံ့စွာ ဆောင်ရွက်နိုင်ကြောင်း တင်ပြဆွေးနွေး ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ပြည်သူ များထံ အသိပညာရောက်ရှိရေးအတွက် ထိရောက်သောနည်းလမ်းများ ရှာဖွေဖော်ထုတ်ရန် အရေးကြီးကြောင်း၊ သုတေသနပြုလုပ်ခြင်း၊ လေ့လာဆန်းစစ်ချက် ဆောင်ရွက်ခြင်းများသည် ဝန်ကြီးဌာန၏ လုပ်ငန်းအကောင်အထည်ဖော်မှုတွင် မရှိမဖြစ် အရေးကြီးပါကြောင်း၊ မိမိတို့၏ လေ့လာဆန်းစစ်ချက် မှတ်တမ်းများသည် နိုင်ငံကို ကိုယ်စားပြုသည်အထိ နည်းစနစ်ကျနစွာ ဆောင်ရွက်ကြစေလိုကြောင်း၊ သို့မှသာ အခြားသော ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်း များအတွက်လည်း အထောက်အထား၊ အချက်အလက်များ ပံ့ပိုးပေးနိုင်မည်ဖြစ် ဖြစ်ပါ ကြောင်းဖြင့် ပြောကြားခဲ့ပြီး ဝန်ထမ်းများကလည်း အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်
Unicode Version

Sign Up

Upcoming Events