ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာအုပ်စု (၁၄) မိုင်နေ လေဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

2_pic01
(၁၇-၇-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ဘန်းကချွန်းကျေးရွာအုပ်စု (၁၄) မိုင်၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံးပြိုလဲပျက်စီးခဲ့ရာ အဆိုပါနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂) သိန်းကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၂၆၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၂၁၂၆၀၀) ကျပ်တိတိအား ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘန်းကချွန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ (၃၁-၇-၂၀၁၇) ရက်နေ့၊ (၁၈းဝ၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events