လပွတ္တာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)၊ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံအား ကြည့်ရှုစစ်ဆေးမှုသတင်း

3_pic01
လပွတ္တာခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက ဘေးသင့်ပြည်သူများထံသို့ ကယ်ဆယ်ရေးပစ္စည်းများ အချိန်မီထောက်ပံ့နိုင်ရေးနှင့် လိုအပ်သည်များ စီမံကွပ်ကဲမှုပြုလုပ်ပေးနိုင်ရေးအတွက် လပွတ္တာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များသည် (၂-၈-၂၀၁၇) ရက်နေ့တွင် လပွတ္တာခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရှိ ကယ်ဆယ်ရေးပစ္စည်းများထားရှိရာ သိုလှောင်ရုံအား စစ်ဆေးခဲ့ရာ လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်းများ ထားရှိမှုနှင့် သဘာဝဘေးဖြစ်ပေါ်လာပါက ဘေးသင့်ပြည်သူများထံသို့အချိန်မီထောက်ပံ့နိုင်ရေး စီမံထားရှိမှုအခြေအနေတို့အား ရှင်းပြခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးမှလည်း လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events