Category Archives: News
-
မသန်စွမ််းသူများရပ်တည်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကွင်းဆင်းဆောင်ရွက််မှုသတင်း
(၅-၈-၂၀၁၇)၊ မကွေးတိုင်းဒေသကြီး မသန်စွမ်းအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊စလင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ လွွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ၊ မသန်း စွမ်းသူများတက်ရောက်ကြပါသည်။ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအဖွဲ့သစ်အနေဖြင့် ပြည်သူ အားတိုက်ရိုက်အကျိုးရှိစေမည့် လုပ်ငန်းများကို အစိုးရ၊ လွှတ်တော်၊ ပြည်သူနှင့်တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများလွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်စေရေး၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မသန်စွမ်းသူများရပ်တည်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက် ရေးကိုလည်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄- ၈ -၂၀၁၇) ရက် နေ့တွင် မူဆယ်မြို့၊ တောင်ရပ်ရပ်ကွက်ခန်းမတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ လူဦးရေ (၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး ထိုတက်ရောက်လာသူများအား နံရံကပ်ပိုစတာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကွတ်ခိုင်မြို့ အထက်ကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၇) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီမှ (၁၂:၃၀) နာရီအထိ ကွတ်ခို်င်မြို့ အထက်ကျောင်းခန်းမတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး နံရံကပ်ပိုစတာများပေးအပ်ခဲ့ကာ တက်ရောက်လာသူ များကို လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မူဆယ်မြို့တွင် အထက(၂) ကျောင်းတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၁၅) နာရီအထိ မူဆယ်မြို့ အထက (၂)ကျောင်း၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ ကျောင်းသား/သူ (၃၀၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး နံရံကပ်ပိုစတာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံးမှ Ms.Renata Lok Dssallien အဖွဲ့အား လက်ခံတွေ့ဆုံ၍ ရခိုင်ပြည်နယ်တွင် ပူးပေါင်းစစ်တမ်း ကောက်ယူနိုင်ရေး ကိစ္စရပ်များ ဆွေးနွေးမှုသတင်း
၄.၈.၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံးမှ Ms.Renata Lok Dssallien နှင့်အဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံပြီး ရခိုင်ပြည်နယ်တွင် ပူးပေါင်းစစ်တမ်းကောက်ယူနိုင်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ရခိုင်ပြည်နယ်၌ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့မှ ဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့သို့ ကူးပြောင်းနိုင်ရေးနှင့် ပြည်နယ်အတွင်း လူမှုကျွမ်းဝင် ရင်းနှီးပေါင်းစပ်မှုတိုးမြှင့်ရေး ရည်ရွယ်ချက် များဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် UNDPမှ သုတေသနပညာရှင်များသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် … Read more
-
ကမ်းပြိုဘေးသင့်နေအိမ်များနှင့် လေဘေးသင့်အိမ်အတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့်နယ်၊ တရုတ်မှော်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် (၂၈-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပါးပြိုမှုကြောင့် ဘေးသင့်ခဲ့သော နေအိမ်(၇) လုံးအတွက်် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀,၀၀၀) ကျပ်အားလည်းကောင်း သရက်တောရပ်ကွက်၌ (၂၈-၇-၂၀၁၇) ရက်နေ့တွင် တိုက်ခတ်ခဲ့သော လေဘေးကြောင့် သစ်ပင်ပိနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ် ၊ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံငွေ (၂၁၄,၇၀၀) နှင့် … Read more
-
ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)၊ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ New Zealand Embassy မှ Ms Virginia Dawson (Head of Development Cooperation) နှင့်အဖွဲ့လာရောက်လေ့လာမှုသတင်း
(၄-၈-၂၀၁၇) ရက်နေ့တွင် New Zealand Embassy မှ Ms Virginia Dawson (Head of Development Cooperation) နှင့် Ms Courtney Rose (Development Officer) တို့သည် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)၊ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ လာရောက်လေ့လာခဲ့ရာ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းစန္ဒာကြည် က လိုက်လံရှင်းလင်းပြသပြီး သိလိုသည်များအား ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်၊ ကျောင်းစုကြီးရပ်ကွက်တွင် (၃-၈-၂၀၁၇) ရက်နေ့တွင် နေအိမ် အုတ်တံတိုင်းပြိုကျရာမှ နေအိမ်နံရံပြိုကျမှုအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်အား (၄-၈-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဘန့်ကွေးကျေးရွာအုပ်စုတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ ဦးစီးဌာနအကြောင်း ရှင်းလင်းပြောကြားခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား ဟောပြောပို့ချခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၃၇၅) ဦခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေးနှင့် ရပ်ရွာလူထုအခြေပြု သဘာဝဘေးအန္တရာယ်လျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးနှင့် International Organization for Migration (IOM) အဖွဲ့တို့ ပူးပေါင်း၍ ဟားခါးမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေးနှင့် ရပ်ရွာလူထု အခြေပြု သဘာဝဘေးအန္တရာယ်လျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲအား (၂-၈-၂၀၁၇) ရက်နေ့မှ (၃-၈-၂၀၁၇) ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာများ UN, NGO, CSO အဖွဲ့အစည်များမှ (၄၅) ဦးပါဝင်တက်ရောက်ခဲ့ပြီး သဘာဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥပဒေစာအုပ်များလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)









