ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဘန့်ကွေးကျေးရွာအုပ်စုတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ ဦးစီးဌာနအကြောင်း ရှင်းလင်းပြောကြားခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား ဟောပြောပို့ချခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၃၇၅) ဦခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)