ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့်နယ်၊ တရုတ်မှော်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် (၂၈-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပါးပြိုမှုကြောင့် ဘေးသင့်ခဲ့သော နေအိမ်(၇) လုံးအတွက်် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀,၀၀၀) ကျပ်အားလည်းကောင်း သရက်တောရပ်ကွက်၌ (၂၈-၇-၂၀၁၇) ရက်နေ့တွင် တိုက်ခတ်ခဲ့သော လေဘေးကြောင့် သစ်ပင်ပိနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ် ၊ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံငွေ (၂၁၄,၇၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁) အိမ်ထောင်စာတို့အား ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)