လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၁၅) နာရီအထိ မူဆယ်မြို့ အထက (၂)ကျောင်း၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ ကျောင်းသား/သူ (၃၀၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး နံရံကပ်ပိုစတာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)