မသန်စွမ််းသူများရပ်တည်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကွင်းဆင်းဆောင်ရွက််မှုသတင်း

(၅-၈-၂၀၁၇)၊ မကွေးတိုင်းဒေသကြီး
မသန်စွမ်းအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊စလင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ လွွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ၊ မသန်း စွမ်းသူများတက်ရောက်ကြပါသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအဖွဲ့သစ်အနေဖြင့် ပြည်သူ အားတိုက်ရိုက်အကျိုးရှိစေမည့် လုပ်ငန်းများကို အစိုးရ၊ လွှတ်တော်၊ ပြည်သူနှင့်တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများလွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်စေရေး၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မသန်စွမ်းသူများရပ်တည်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက် ရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများ ဥပဒေကို ၂၀၁၅ခုနှစ်တွင် ပြဌာန်းခဲ့ပြီး နည်းဥပဒေများ အတည်ပြုရေးနှင့်အမျိုးသားကော်မတီ ကိုလည်း မကြာမီထုတ်ပြန်ဖွဲ့စည်းနိုင်တော့မည်ဖြစ်ပါကြောင်း၊ လက်တလောအချိန်တွင် အစိုးရ အနေဖြင့် မသန်စွမ်းသူများအရေးဆောင်ရွက်လျက်ရှိသော မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပါသည်။
ယင်းနောက် အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်ရသော စလင်းမြို့နယ် အတွင်းရှိ မသန်စွမ်းသူများလက်ဝယ်သို့ Wheel Chair (၈၁) စီး၊ ဂျိုင်းထောက် (၂၄) စုံနှင့် အထောက်အကူပြု ပစ္စည်းများအား လည်းကောင်း၊ မသန်စွမ်းကလေးငယ်များအား စားစရာ များကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ပြီး ခြေတု၊ လက်တုတပ်ဆင်ပေးနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံရာ ပြည်သူ့အစိုးရအဖွဲ့အနေဖြင့် ပြည်သူ နှင့်တိုက်ရိုက်ထိတွေ့ပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးကို ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ လိုအပ် သော ဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများ ပြဌာန်းနိုင်ရေး ပြည်သူများ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိိပါကြောင်း၊ အစိုးရအနေဖြင့် ပြည်သူ အတွက် ရာနှုန်းပြည့်တာဝန်ယူဆောင်ရွက်နိုင်ရန် ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ် ပါကြောင်း၊     အနာဂါတ်နိုင်ငံအတွက်     ရင်းနှီးမြှပ်နှံမှုပေးနိုင်ရေးလူငယ်မူဝါဒကိုလည်း

ရေးဆွဲလျက်ရှိပါကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်၍လည်း ခံနိုင်ရည်ရှိအောင်ကြိုတင် ပြင်ဆင်ထားရှိရန် လိုအပ်ကြောင်းနှင့် ကြိုတင်ပြင်ဆင်မှုအတွက်  ပိုမိုရင်းနှီးမြှပ်နှံမှုပြု ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိအနေဖြင့် အစိုးရ ကိုယ်စားပြုလာရောက်ခြင်းဟု ယူဆ ထား၍ လိုအပ်ချက်များ၊ အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားပါသည်။
ယင်းနောက်ဒေသခံပြည်သူများကလိုအပ်ချက်များ၊ တွေ့ကြုံနေရသောအခက်အခဲ များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆောင်ရွက်ပေးပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု စလင်းမြို့ မိခင်ကလေးမူလတန်းကြိုကျောင်းသိုု့ သွားရောက်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ ကာ  ကလေးများအတွက် အစားအစာများပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events