Category Archives: News
-
လေပြင်းဘေးထောက်ပ့ံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၁၇)နေ့တွင် မအူပင်မြို့နယ်၊ အဂါးကျေးရွာအုပ်စု၊ အဂါး ရွာမ၌ (၄.၈.၂ဝ၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးနှင့် တစိတ်တပိုင်းနေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁ဝ)မျိုး တို့အား (၇.၈.၂ဝ၁၇)ရက်နေ့တွင် မအူပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့် အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး(ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး)ရန်ပုံငွေများ ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။Source: မအူပင်ခရိုင််ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပ့ံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၁၇)နေ့တွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ စက်မှုဇုန် မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ခြေ (၁ )အိမ်ထောင်စု (၁) စု လူဦးရေ (၁) အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/- )နှင့်ကယ်ဆယ်ရေး ပစ္စည်း (၂၂) မျိုး (၁)စုစာအား (၇.၈.၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ် ကြောင်းသတင်းရရှိပါသည်။Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကော့ကရိတ်မြို့နယ်၊ လှိုင်တန်းကျေးရွာ၌ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Karen Baptist Convention (KBC) အဖွဲ့နှင့်ပူးပေါင်း၍ (၄-၈-၂၀၁၇) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ လှိုင်းတန်းကျေးရွာတွင် ရေဘေး ဇာတ်တိုက်လေ့ကျင့်ခန်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ကျေးရွာနေပြည်သူလူထုများနှင့် အတူပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ထို့နောက် ကျေးရွာနေပြည်သူများအား ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် များကို ဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ် များဖြစ်ပွားလာပါက ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဟိုပန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ကယ်ဆယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်မှုသတင်း
ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်ချက်အရ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုး အိမ်ထောင်စု (၅၀)စု အား (၃.၈.၂၀၁၇)ရက်နေ့တွင် ဟိုပန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၇) ရက်နေ့ မနက် (၁၄:၀၀) မှ (၁၅:၃၀) ချိန်ထိ ကွတ်ခိုင်မြို့ပြည်ထောင်စုခန်းမတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများနှင့် ပြည်သူ (၇၀) ခန့်တက်ရောက်ခဲ့ပြီး နံရံကပ်ပိုစတာများပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လပွတ္တာမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် သင်ခန်းစာပို့ချခြင်းနှင့် DAN Mobile Application ဖြန့်ဝေခြင်းများ ပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်စွာ (လက်ထောက်ညွှန်ကြားရေး မှူး) သည် (၆.၈.၂၀၁၇)ရက်နေ့တွင် လပွတ္တာခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဖွင့်လှစ်သော ”လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများလုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ် (၂/၂၀၁၇)” သင်တန်းသို့ တက်ရောက်နေသော လပွတ္တာမြို့နယ်၊ မော်လမြိုင် ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် သင်ခန်းစာပို့ချခြင်းနှင့် DAN Mobile Application ဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပေါင်မြို့နယ်ရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ နတ်မှော်ကျေးရွာ၊ ရွာလယ်ပိုင်းတွင် ၊(၄-၈-၂၀၁၇) ရက်နေ့ (၁၄:၀၀) နာရီချိန်၌ မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင် (၁) စု၊ လူဦးရေ (၈) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ Family kit (၁) ထုပ်၊ အိမ်ဆာက်ပစ္စည်းနှင့် ဆန်ဘိုးငွေ (၁၁၆၈၀၀) ကျပ် တို့အား သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူ များသည် (၅-၈-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: … Read more
-
မွန်ပြည်နယ်၊ သထုံမြို့နယ်၊မရမ်းကုန်းကျေးရွာအုပ်စု၊ မရမ်းကုန်းကျေးရွာရှိ လေဆင်နှာမောင်းဘေးသင့် ပြည်သူများကို ထောက်ပံ့ပေးမှုသတင်း
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်း ကျေးရွာအုပ်စု ၊မရမ်းကုန်းကျေးရွာတွင် (၃-၈-၂၀၁၇)ရက်နေ့ (၂၂:၃၀) အချိန်ခန့်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်(၅)လုံး ပြိုကျပြီး၊ နေအိမ်(၆)လုံး တစ်စိတ် တစ်ပိုင်း ပျက်စီးခဲ့ပါသည်။ ပြိုကျအိမ်(၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ (၅)ပုံး၊ Family kit (၅) အိတ်၊ အိမ်ဆောက်ပစ္စည်းဖိုငွေ( ၅၀၀၀၀၀) ကျပ်၊ လူဦးရေ (၂၁) အတွက် ဆန်ဖိုးငွေ (၄၄၁၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၇) မျိုးပါ (၇) ပုံး ၊ … Read more
-
ပုသိမ်မြို့နယ်၊ ချောင်းသာမြို့တွင်သဘာ၀ဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ပုသိမ်မြို့နယ်၊ ချောင်းသာမြို့၊ ရွာမဘုန်းတော်ကြီးကျောင်းတွင် (၅-၈-၂၀၁၇) ရက်နေ့ တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် ပုသိမ် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ပူးပေါင်း၍ သဘာ၀ဘေးလျော့ပါးရေး အသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၂၀၀) ဦးခန့် တက်ရောက်ခဲ့ ကြောင်းသိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









