မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်း ကျေးရွာအုပ်စု ၊မရမ်းကုန်းကျေးရွာတွင် (၃-၈-၂၀၁၇)ရက်နေ့ (၂၂:၃၀) အချိန်ခန့်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်(၅)လုံး ပြိုကျပြီး၊ နေအိမ်(၆)လုံး တစ်စိတ် တစ်ပိုင်း ပျက်စီးခဲ့ပါသည်။ ပြိုကျအိမ်(၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ (၅)ပုံး၊ Family kit (၅) အိတ်၊ အိမ်ဆောက်ပစ္စည်းဖိုငွေ( ၅၀၀၀၀၀) ကျပ်၊ လူဦးရေ (၂၁) အတွက် ဆန်ဖိုးငွေ (၄၄၁၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၇) မျိုးပါ (၇) ပုံး ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ( ၂၀၂၀၀၀) ကျပ်၊လူဦးရေ(၃၆ ) အတွက်ဆန်(၇) စာဖိုးငွေ(၇၅၆၀၀) ကျပ်၊ စုစုပေါင်း အိမ်ဆောက်ပစ္စည်းနှင့် ဆန်ဖိုးငွေ( ၈၂၁၇၀၀)ကျပ် တို့ကို သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၇) ရက်နေ့ တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)