လေပြင်းဘေးထောက်ပ့ံမှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး‌မှ တာဝန်‌ရှိသူများသည် (၆-၈-၂၀၁၇)နေ့တွင် မအူပင်မြို့နယ်၊ အဂါးကျေးရွာအုပ်စု၊ အဂါး ရွာမ၌ (၄.၈.၂ဝ၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးနှင့် တစိတ်တပိုင်းနေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁ဝ)မျိုး တို့အား (၇.၈.၂ဝ၁၇)ရက်နေ့တွင် မအူပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့် အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး(ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး)ရန်ပုံငွေများ ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။Source: မအူပင်ခရိုင််ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events