ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Karen Baptist Convention (KBC) အဖွဲ့နှင့်ပူးပေါင်း၍ (၄-၈-၂၀၁၇) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ လှိုင်းတန်းကျေးရွာတွင် ရေဘေး ဇာတ်တိုက်လေ့ကျင့်ခန်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ကျေးရွာနေပြည်သူလူထုများနှင့် အတူပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ထို့နောက် ကျေးရွာနေပြည်သူများအား ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် များကို ဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)