လပွတ္တာမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် သင်ခန်းစာပို့ချခြင်းနှင့် DAN Mobile Application ဖြန့်ဝေခြင်းများ ပြုလုပ်မှုသတင်း

 

 

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်စွာ (လက်ထောက်ညွှန်ကြားရေး မှူး) သည် (၆.၈.၂၀၁၇)ရက်နေ့တွင် လပွတ္တာခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဖွင့်လှစ်သော ”လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများလုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ် (၂/၂၀၁၇)” သင်တန်းသို့ တက်ရောက်နေသော လပွတ္တာမြို့နယ်၊ မော်လမြိုင် ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် သင်ခန်းစာပို့ချခြင်းနှင့် DAN Mobile Application ဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events