Category Archives: News
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ (၂၄.၈.၂ဝ၁၇)ရက်နေ့ တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့့်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် ကဿဝင်ကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာ နှင့် ကျောင်းစုကျေးရွာမှ နေအိမ် (၂၁) လုံး၊ အိမ်ထောင်စု(၂၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁ဝ)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၂၁ဝဝဝဝဝိ/-)၊နှင့် လူဦးရေ (၁၁၆)ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ(၂၄၃၆ဝဝိ/-)စုစု ုပေါင်း ရန်ပုံငွေ (၂၃၄၃၆ဝဝိ/-)(ကျပ်နှစ်ဆယ့်သုံးသိန်းလေးသောင်းသုံးထောင့်ခြောက်ရာတိတိ)နှင့် ရေပေါ်ကြီးကျေးရွာအုပ်စု၊ အောက်ဒေါင့်ကြီးကျေးရွာနှင့် ကုလားမချောင်ကျေးရွာမှ နေအိမ် (၂၆)လုံး၊ အိမ်ထောင်စု (၂၆)စု အတွက် ကယ်ဆယ်ရေးပစ္စည်း … Read more
-
ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သရက်ခရိုင် ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် အောင်လံမြိ့ုနယ်တွင် ဧရာဝတီမြစ် ရေမြင့်တက်၍ ဘေးလွတ်ကင်းရာသိ့ု(၂၂.၈.၂၀၁၇) ရက် နေ့မှ(၂၇-၈-၂၀၁၇)ရက်နေ့ထိ ပြောင်း ရွှေ့ခဲ့ ရသောရေဘေးရှောင် ပြောင်းရွှေ့အိမ်ထောင်စု(၁၃၄၇)စု၊ လူဦးရေ(၅၅၀၆)ဦးတိ့ုအတွက် ဆန်(၇)ရက် စာဖိုး(၁၁၅၆၂၆၀၀ိ/) အား အောင်လံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချူပ်ေ ရးမှူးနှင့််အတူ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ (၂၈.၈.၂၀၁၇) ရက်နေ့က သွားရောက် ထောက်ပံ့ခဲ့ကြောင်းသတင်း ရရှိပါသည်။Source: သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်များအတွင်း၌ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် (၂၂.၈.၂၀၁၇)ရက်နေ့မှစ၍ (၂၇.၈.၂၀၁၇)ရက်နေ့ထိ ပြောင်းရွှေ့နေထိုင်ကြသော အိမ်ထောင်စု(၉၉၉)စုရှိ လူဦးရေ (၃၉၄၃)ဦးအတွက် တစ်ဦးလျှင် ဆန်ရိက္ခာ(၇)ရက်စာ (၂၁၀၀)ကျပ်နှုန်းဖြင့် ၊ စုစုပေါင်း ငွေ (၈၂၈၀၃၀၀)ကျပ်နှင့် ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာရှိ (၂၆.၈.၂၀၁၇)ရက်နေ့တွင် ကမ်းပြိုရွှေ့ ပြောင်းနေအိမ်(၇)လုံးအတွက်(၇၀၀၀၀၀)ကျပ်၊ စုစုပေါင်း ငွေ(၈၉၈၀၃၀၀)ကျပ်ကို ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့အတူ (၂၈.၈.၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်း ရရှိပါသည်။Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ဒေသခံတိုင်းရင်းသားများ၏အရေးပေါ်လိုအပ်ချက်များ ဖြည့်ဆည်းခြင်းနှင့် နှစ်သိမ့်အားပေးခြင်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့ ဆက်လက်ဆောင်ရွက်လျက်ရှိ
၂၈-၈-၂၀၁၇ စစ်တွေမြို့ ရခိုင်ပြည်နယ် မောင်တောဒေသသို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ ပါဝင်သော အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့် တောင်ဘဇာ ကျေးရွာရှိ နယ်မြေခံတပ်ရင်းသို့ ရောက်ရှိကြပြီး ခေတ္တ ခိုလှုံလျက်ရှိသော ပြည်သူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်သူများ လတ်တလောစားဝတ်နေရေးအတွက် ရိက္ခာများကို အမြန်ဆုံး ပေးပို့လျက်ရှိပါကြောင်း၊ ၎င်းစုရပ်ရှိ ဝန်ထမ်း(၂၅)ဦး စစ်တွေမြို့တွင် ခေတ္တ ပြန်လည်နေထိုင်နိုင်ရေးနှင့် စုရပ်တွင် … Read more
-
ရပ်ရွာအခြေပြုသဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှုးရုံးနှင့် World Vision တို့ပူးပေါင်းလျက် ရပ်ရွာအခြေပြု သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းကို သင်တန်းသား ၄၀ ဦးဖြင့် အမရပူရမြို့နယ် အေးမေတ္တာခန်းမ၌ ဖွင့်လှစ် လျက်ရှိပါသည်။ အဆိုပါသင်တန်းသည် (၂၈-၈-၂၀၁၇) ရက်နေ့မှ (၃၀-၈-၂၀၁၇) ရက်နေ့အထိ (၃) ရက်ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မောင်တောဒေသအတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ဖြစ်ပေါ်နေသည့် အခြေအနေ များကို အမြန်ဆုံး လျော့နည်းပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိ
၂၇.၈.၂၀၁၇ ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း (၂၅.၈.၂၀၁၇)ရက်နေ့က စတင်ဖြစ်ပွားသော ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် ဘေးလွှတ်ရာနေရာဒေသများသို့ ခေတ္တခိုလှုံလျက်ရှိသော တိုင်းရင်းသားပြည်သူများအတွက် လိုအပ်လျှက်ရှိသည့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ထောက်ပံ့မှုအကူအညီများကို အလျင်မြန်ဆုံး ပေးအပ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ ပါဝင်သော အဖွဲ့သည် ယနေ့ မွန်းလွှဲပိုင်းတွင် Air Myanmar Aviation Services Co.Ltd ၏ … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များ (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၁၇) ပြုလုပ်ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေနေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များ (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၁၇) အား ဖွင့်လှစ်ခဲ့ရာ တိုင်းဦးစီးမှူး ဒေါ်ဝင်းစန္ဒာကြည်မှ အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်သူသင်တန်းသားများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာ ဝေါဟာရများ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ (၂၈-၈-၂၀၁၇) ရက်နေ့မှ (၃၀-၈-၂၀၁၇) … Read more
-
ဥတ္တရသီရိမြို့နယ်၊ ညောင်ပင်ဝိုင်းကျေးရွာသို့ ရေဘေးကြောင့် ပြောင်းရွှေ့ရမည့်ရွာအခြေအနေအား ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေဦးစီးမှူးရုံးရှိ တာဝန်ရှိသူများ၊ နေပြည်တော်တိုင်းဦးစီးမှူးနှင့်အဖွဲ့သည် (၂၅-၈-၂၀၁၇) ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်၊ ညောင်ပင်ဝိုင်း ကျေးရွာသို့သွားရောက်ကာ ရေဘေးကြောင့် ပြောင်းရွှေ့ရမည့်ရွာအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုများပြုလုပ်ဆောင်ရွက်ခဲ့ပြီး ဘေး အန္တရာယ်နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များလည်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
မောင်တောဒေသအတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ဖြစ်ပေါ်နေသည့် အခြေအနေ များကို အမြန်ဆုံး လျော့နည်းပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိ
27.8.2017 ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း (၂၅.၈.၂၀၁၇)ရက်နေ့က စတင်ဖြစ်ပွားသော ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် ဘေးလွှတ်ရာနေရာဒေသများသို့ ခေတ္တခိုလှုံလျက်ရှိသော တိုင်းရင်းသားပြည်သူများအတွက် လိုအပ်လျှက်ရှိသည့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ထောက်ပံ့မှုအကူအညီများကို အလျင်မြန်ဆုံး ပေးအပ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ ပါဝင်သော အဖွဲ့သည် ယနေ့ မွန်းလွှဲပိုင်းတွင် Air Myanmar Aviation Services Co.Ltd ၏ … Read more









