လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေဦးစီးမှူးရုံးရှိ တာဝန်ရှိသူများ၊ နေပြည်တော်တိုင်းဦးစီးမှူးနှင့်အဖွဲ့သည် (၂၅-၈-၂၀၁၇) ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်၊ ညောင်ပင်ဝိုင်း ကျေးရွာသို့သွားရောက်ကာ ရေဘေးကြောင့် ပြောင်းရွှေ့ရမည့်ရွာအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုများပြုလုပ်ဆောင်ရွက်ခဲ့ပြီး ဘေး အန္တရာယ်နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များလည်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)