လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ (၂၄.၈.၂ဝ၁၇)ရက်နေ့ တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့့်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် ကဿဝင်ကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာ နှင့် ကျောင်းစုကျေးရွာမှ နေအိမ် (၂၁) လုံး၊ အိမ်ထောင်စု(၂၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁ဝ)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၂၁ဝဝဝဝဝိ/-)၊နှင့် လူဦးရေ (၁၁၆)ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ(၂၄၃၆ဝဝိ/-)စုစု ုပေါင်း ရန်ပုံငွေ (၂၃၄၃၆ဝဝိ/-)(ကျပ်နှစ်ဆယ့်သုံးသိန်းလေးသောင်းသုံးထောင့်ခြောက်ရာတိတိ)နှင့် ရေပေါ်ကြီးကျေးရွာအုပ်စု၊ အောက်ဒေါင့်ကြီးကျေးရွာနှင့် ကုလားမချောင်ကျေးရွာမှ နေအိမ် (၂၆)လုံး၊ အိမ်ထောင်စု (၂၆)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁ဝ)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၂၆ဝဝဝဝဝိ/-)နှင့် လူဦးရေ (၁၁၉)ဦး အတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၂၄၉၉ဝဝိ/-)စုစုပေါင်းရန်ပုံငွေ (၂၈၄၉၉ဝဝိ/-)(ကျပ်နှစ်ဆယ့်ရှစ်သိန်းလေးသောင်းကိုးထောင့်ကိုးရာတိတိ)စုစုပေါင်း ကျေးရွာအုပ်စု (၂)စုမှ နေအိမ် (၄၇)လုံး၊ အိမ်ထောင်စု(၄၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁ဝ)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၄၇ဝဝဝဝဝိ/-)နှင့် လူဦးရေ(၂၃၅)ဦး အတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၄၉၃၅ဝဝိ/-)စုစုပေါင်း ရန်ပုံငွေ (၅၁၉၃၅ဝဝိ/-)(ကျပ်ငါးဆယ့်တစ်သိန်းကိုးသောင်းသုံးထောင့်ငါးရာတိတိ)အား (၂၈.၈.၂ဝ၁၇)ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ခဲ့ ကြောင်းသတင်းရရှိပါ သည်။Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)