သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များ (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၁၇) ပြုလုပ်ကျင်းပမှုသတင်း

28_Pic_04 28_Pic_05
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေနေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင်  ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များ (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၁၇) အား ဖွင့်လှစ်ခဲ့ရာ တိုင်းဦးစီးမှူး ဒေါ်ဝင်းစန္ဒာကြည်မှ အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်သူသင်တန်းသားများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာ ဝေါဟာရများ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ (၂၈-၈-၂၀၁၇) ရက်နေ့မှ (၃၀-၈-၂၀၁၇) ရက်နေ့အထိ (၃) ရက်တာကြာမြင့် မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source:  ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events