Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်ကျော်ထွန်း ဒု/ညွှန်မှူးနှင့်အဖွဲ့သည် (၂၉.၈.၂၀၁၇)ရက်နေ့(၁၃း၀၀) နာရီမှ(၁၄း၃၀)ချိန်ထိ လားရှိုးမြို့ အ.ထ.က(၆)ကျောင်း ကမ္ဘောဇခန်းမတွင် ရပ်ကွက်/ကျေးရွာအုပ်စု (၈၇) စုမှ စာရေးဝန်ထမ်းများအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ လူဦးရေ(၁၀၀)ခန့် တက်ရောက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၈-၂၀၁၇)ရက်နေ့ ကျောက်ဖြူခရိုင်၊အုန်းတောအုပ်စု၊ဝတ်ဆံကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါဆွေးနွေးပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီးပြန်လည်ထူထောင်ရေးကိစ္စများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဆောင်ရန်၊ရှောင်ရန်များပြောကြားခြင်း၊လက်ကမ်းစာစောင်များဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်၊၊အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၇၀) ခန့် ရှိပါကြောင်း သတင်းရရှိပါသည်။Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မောင်တောဒေသပြည်သူများအား အားပေးနှစ်သိမ့်မှုနှင့်အတူ လိုအပ်သော စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့်အသုံး အဆောင် ပစ္စည်းများ ကူညီထောက်ပံ့မှုသတင်း
စစ်တွေ သြဂုတ် ၂၉ ရခိုင်ပြည်နယ်အတွင်း သြဂုတ် ၂၅ ရက်ကဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရသူများနှင့်ဘေးလွှတ်ရာနေရာများသို့ခေတ္တခိုလုံလျက်ရှိသော တိုင်းရင်းသားပြည်သူများအားလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင် ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ပါမောက္ခဒေါက်တာမြင့်ဟန်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲတွင် မောင်တောဒေသအ တွင်း ခေတ္တခိုလုံရာနေရာများရှိ ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးနှစ်သိမ့်စကားပြောကြားကာ လို အပ်သောစားသောက် ဖွယ်ရာများ၊ဆေးဝါးများနှင့် အသုံးအဆောင်များကို ကူညီထောက်ပံ့ပေးအပ်ခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခမောင်းဆိပ်ကျေးရွာသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက … Read more
-
အလှူငွေလက်ခံရရှိမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဦးလှသက်မောင်+ပါမောက္ခဒေါက်တာဌေးဌေးတင်၊ဒေါ်ဝင်း မြင့်၊မောင်ကောင်းဆက်၊မောင်ပိုင်သက်မိသားစုမှ ရခိုင်ပြည်နယ်အတွင်းရှိအကြမ်းဖက်မှုကြောင့့်တိမ်းရှောင်နေရသောဒုက္ခသည် ပြည်သူများအတွက်အလှူငွေ ကျပ်သိန်း(၂၀)အား၂၉-၈-၂၀၁၇ ရက်နေ့တွင်လာရောက်လှူဒါန်း ခဲ့ရာလက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာနေဝင်းမှလက်ခံရရှိခဲ့ပါကြောင်းသတင်းရရှိပါသည်။Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၈-၂၀၁၇)နေ့တွင် ကျိုင်းတုံမြို့နယ်၊ကတ်ထိုက်ကျေးရွာ၌မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့်သဘာဝဘေးအန္တရာယ်များအကြောင်းသဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါကဆောင်ရန်ရှောင်ရန်များဦးစီးဌာန၏လုပ်ငန်းတာဝန်များရည်ရွယ်ချက်ကို့ကိုရှင်းလင်းပြောကြားပြီးသရုပ်ပြလေ့ကျင့်ခြင်းလက်ကမ်းစာစောင်များဖြန့်ဝေခြင်းစသည့်အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာပြည်သူလူထုစုစုပောင်း၁၀၀ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် င်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ သဲဖြူအုပ်စု၊ အင်းပြင်ကုန်းကျေးရွာတွင် (၂၆.၈.၂၀၁၇) နေ့တွင် ဖြစ်ပွားသော မိုးကြိုးဘေးကြောင့် တစိတ်တပိုင်းပျက်စီးသော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၂ )ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ဆောက်ပစ္စည်းဖိုး ၁၀၀၀၀၀ ကျပ် ဆန်ရိက္ခာဖိုး (၄၂၀၀) ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၄၂၀၀) ကျပ်တို့ကိုလည်းကောင်း၊ မြန်အောင်မြို့နယ်အတွင်းရှိ ရေဘေးစခန်း (၁၁) ခုရှိရေဘေးသင့်ပြည်သူ (၆၇၇) ဦးအတွက် … Read more
-
မောင်တောခရိုင်အတွင်းအစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်မှုကြောင့်နေရပ်စွန့်ခွာအိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောခရိုင်အတွင်း အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်မှုကြောင့်နေရပ်စွန့်ခွာ လာသောဘူးသီးတောင်မြို့နယ် ဇင်းခမတောင် မော်ကျေးရွာနှင့် သိမ်တောင်ပြင်ကျေးရွာမှအိမ်ထောင်စု(၂၂)စု ကျား၂၃ဦး မ၅၆ဦး စုစုပေါင်း ၇၉ဦးတို့သည် (၂၈-၈-၂၀၁၇)ရက်နေ့ တွင် ကျောက်တော်မြို့နယ် ဒုက္ကံချောင်းကျေးရွာဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌လာရောက်ခိုလှုံလျက် ရှိရာအဆိုပါအိမ်ထောင်စု၂၂အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးအား (၂၈-၈-၂၀၁၇)ရက်နေ့တွင် မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူး ကျောက်တော်မြို့ နယ်အုပ် ချုပ်ရေးမှူး နှင့် တာဝန်ရှိသူတို့မှသွားရောက် ထောက်ပံ့ခဲ့ ကြောင်းသတင်းရရှိပါ သည်။Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ရေဘေးထောက်ပံ့မှုသတင်း
လုမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သရက်ခရိုင်ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် မင်းလှမြိ့ုနယ် တွင်ဧရာဝတီမြစ်ရေမြင့် တက်၍ ဘေးလွတ်ကင်းရာသိ့ုပြောင်း ရွှေ့ခဲ့ရပြီး ထောက်ပံ့ပေးရန် ကျန်ရှိသော ရေဘေးရှောင်ပြောင်းရွှေ့ အိမ်ထောင်စု(၂၂)စု၊ လူဦးရေ(၁၀၇)ဦးတိ့ုအတွက် ဆန်(၇)ရက်စာဖိုး(၂၂၄၇၀၀ိ/)အား မင်းလှမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရိုသူတစ်ဦးထံသို့(၂၈.၈.၂၀၁၇) ရက်နေ့က လွှဲ ပြောင်းထောက်ပံ့ခဲ့ ကြောင်းသတင်းရရှိပါ သည်။Source: သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ (၂၄.၈.၂ဝ၁၇)ရက်နေ့ တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့့်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် ကဿဝင်ကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာ နှင့် ကျောင်းစုကျေးရွာမှ နေအိမ် (၂၁) လုံး၊ အိမ်ထောင်စု(၂၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁ဝ)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၂၁ဝဝဝဝဝိ/-)၊နှင့် လူဦးရေ (၁၁၆)ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ(၂၄၃၆ဝဝိ/-)စုစု ုပေါင်း ရန်ပုံငွေ (၂၃၄၃၆ဝဝိ/-)(ကျပ်နှစ်ဆယ့်သုံးသိန်းလေးသောင်းသုံးထောင့်ခြောက်ရာတိတိ)နှင့် ရေပေါ်ကြီးကျေးရွာအုပ်စု၊ အောက်ဒေါင့်ကြီးကျေးရွာနှင့် ကုလားမချောင်ကျေးရွာမှ နေအိမ် (၂၆)လုံး၊ အိမ်ထောင်စု (၂၆)စု အတွက် ကယ်ဆယ်ရေးပစ္စည်း … Read more









