လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်ကျော်ထွန်း ဒု/ညွှန်မှူးနှင့်အဖွဲ့သည် (၂၉.၈.၂၀၁၇)ရက်နေ့(၁၃း၀၀) နာရီမှ(၁၄း၃၀)ချိန်ထိ လားရှိုးမြို့ အ.ထ.က(၆)ကျောင်း ကမ္ဘောဇခန်းမတွင် ရပ်ကွက်/ကျေးရွာအုပ်စု (၈၇) စုမှ စာရေးဝန်ထမ်းများအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ လူဦးရေ(၁၀၀)ခန့် တက်ရောက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)