မောင်တောခရိုင်အတွင်းအစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်မှုကြောင့်နေရပ်စွန့်ခွာအိမ်ထောင်စုများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံး‌မှ တာဝန်‌ရှိသူများသည် မောင်တောခရိုင်အတွင်း အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်မှုကြောင့်နေရပ်စွန့်ခွာ လာသောဘူးသီးတောင်မြို့နယ် ဇင်းခမတောင် မော်ကျေးရွာနှင့် သိမ်တောင်ပြင်ကျေးရွာမှအိမ်ထောင်စု(၂၂)စု ကျား၂၃ဦး မ၅၆ဦး စုစုပေါင်း ၇၉ဦးတို့သည် (၂၈-၈-၂၀၁၇)ရက်နေ့ တွင် ကျောက်တော်မြို့နယ် ဒုက္ကံချောင်းကျေးရွာဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌လာရောက်ခိုလှုံလျက် ရှိရာအဆိုပါအိမ်ထောင်စု၂၂အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးအား (၂၈-၈-၂၀၁၇)ရက်နေ့တွင် မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူး ကျောက်တော်မြို့ နယ်အုပ် ချုပ်ရေးမှူး နှင့် တာဝန်ရှိသူတို့မှသွားရောက် ထောက်ပံ့ခဲ့ ကြောင်းသတင်းရရှိပါ သည်။Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events