ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံး‌မှ တာဝန်‌ရှိသူများသည် င်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ သဲဖြူအုပ်စု၊ အင်းပြင်ကုန်းကျေးရွာတွင် (၂၆.၈.၂၀၁၇) နေ့တွင် ဖြစ်ပွားသော မိုးကြိုးဘေးကြောင့် တစိတ်တပိုင်းပျက်စီးသော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၂ )ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ဆောက်ပစ္စည်းဖိုး ၁၀၀၀၀၀ ကျပ် ဆန်ရိက္ခာဖိုး (၄၂၀၀) ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၄၂၀၀) ကျပ်တို့ကိုလည်းကောင်း၊ မြန်အောင်မြို့နယ်အတွင်းရှိ ရေဘေးစခန်း (၁၁) ခုရှိရေဘေးသင့်ပြည်သူ (၆၇၇) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၄၂၁၇၀၀) တို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် (၂၉.၈.၂၀၁၇) နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံခဲ့ ကြောင်းသတင်းရရှိပါ သည်။Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events