Category Archives: News
-
ရခိုင်ပြည်နယ်အတွင်းဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်များတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များမှ အလှူငွေများ ပေးအပ်မှုသတင်း
၃၀-၈-၂၀၁၈ ရခိုင်ပြည်နယ်အတွင်း ဒေသခံတိုင်းရင်းသားများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စေတနာရှင်၊ လုပ်ငန်းရှင်များမှ အလှူငွေကျပ် သိန်း(၄၀၀)၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များမှ အလှူငွေကျပ် သိန်း(၃၀၀)နှင့် (၂၆၂)သိန်း တန်းဖိုးရှိ လူသုံးကုန်ပစ္စည်းများ၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ကျောင်းသား/ကျောင်းသူဟောင်းများ အသင်းမှ အလှူငွေကျပ် သိန်း(၁၀၀)၊ ဝိသာခါဖောင်ဒေးရှင်းမှ အလှူငွေကျပ် သိန်း(၁၀၀)၊ ဦးလှသက်မောင်+ပါမောက္ခဒေါက်တာဌေးဌေးတင်မှ ကျပ်သိန်း(၂၀)နှင့် ဒေါက်တာ နွေ့နွေ့အောင်တို့က ကျပ်သိန်း(၂၀)တို့ကို ပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ရန်ကုန်လေဆိပ်ဧည့်ခန်းမဆောင်တွင် ယနေ့လက်ခံရယူပြီး … Read more
-
မောင်တောခရိုင်အတွင်းရှိ မင်းကြီးနှင့် တမန်းသားကျေးရွာများရှိ ဒေသခံတိုင်းရင်းသားများအား စားနပ်ရိက္ခာများထောက်ပံ့မှုသတင်း
စစ်တွေ သြဂုတ် ၃၀ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန််ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန််ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင် တို့ဦးဆောင်သော အဖွဲ့သည် (၃၀-၈-၂၀၁၇) ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် မောင်တောမြို့နယ်အတွင်းရှိ တိုင်းရင်းသားများနေထိုင်သည့် မင်းကြီးရွာနှင့် တမန်းသားကျေးရွာများသို့ သွားရောက်ကာ ပြည်သူများအား သွားရောက်တွေ့ဆုံအားပေး နှစ်သိမ့်စကားပြောကြားပြီး လိုအပ်သော စားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးအပ်ခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းကြီးကျေးရွာသို့ ရောက်ရှိပြီး တိုင်းရင်းသား ပြည်သူများနှင့် … Read more
-
ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း (ငပုတောမြို့) နှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ရွှေမြကွင်းတို့၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၁၇) ရက်နေ့တွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ငပုတောမြို့) နှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ရွှေမြကွင်းတို့၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ရာ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၆၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူများထံ လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ကမ်းပြိုဘေးနှင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဆင်ခြေယာကျေးရွာအုပ်စု၊ ဇရပ်နီကျေးရွာ၌ (၂၅-၈-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့သည့် ဘေးသင့်အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စု၊ လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၁၅၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ထောင်စု (၄)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၄၃၁၅၀၀) ကျပ်နှင့် ရေစကြိုမြို့နယ်၊ အမှတ် ၁,၂,၈ ရပ်ကွက်တို့၌ မြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့သည့် … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ကျောက်မဲခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၂၉-၈-၂၀၁၇)ရက်နေ့တွင် ကျောက်မဲမြို့နယ် ကော်ပေါင် ကျေး ရွာအုပ်စု ကော်ပေါင်ကျေးရွာနေ ဦးဆုနန္ဒ ၄၀နှစ် ဘဦးကုမ္မာ ပလောင်ဗုဒ္ဓ တောင်သူသည် TNLA အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်သေဆုံးသွားပါသဖြင့် ထောက်ပံံ့ငွေ (၃၀၀၀၀၀)ကျပ်အား ထောက်ပံ့ပေးခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့်ပြောင်းရွှေ့နေထိုင်ကြသောအိမ်ထောင်များအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၈-၂၀၁၇)ရက်နေ့တွင် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း၌ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် (၂၃.၈.၂၀၁၇)ရက်နေ့မှစ၍ (၂၇.၈.၂၀၁၇)ရက်နေ့ထိ ပြောင်းရွှေ့နေထိုင်ကြသော အိမ်ထောင် (၁၈၅၇) စုစုရှိ လူဦးရေ (၆၉၀၆)ဦးအတွက် တစ်ဦးလျှင် ဆန်ရိက္ခာ(၇)ရက်စာ (၂၁၀၀)ကျပ်နှုန်းဖြင့် ၊ စုစုပေါင်း ငွေ (၁၄၅၀၂၆၀၀)ကျပ်အား ပြည်ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အတူသွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော မြန်မာအလုပ်သမားများအားကြိုဆိုမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၂၉-၈-၂၀၁၇)ရက်နေ့တွင် ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော အထောက်အထားမဲ့ မြန်မာအလုပ်သမား ၅၅ဦးကို ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ကြိုဆိုခဲ့ပါသည် အဆိုပါ ၅၅ဦးအနက်မှ ခရီးစရိတ်အခက်အခဲရှိသော ၇ဦးကို ၁ဦးလျင် (၂၀၀၀၀)နှုန်းဖြင့် (၁၄၀၀၀၀)ကို ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)









