မောင်တောခရိုင်အတွင်းရှိ မင်းကြီးနှင့် တမန်းသားကျေးရွာများရှိ ဒေသခံတိုင်းရင်းသားများအား စားနပ်ရိက္ခာများထောက်ပံ့မှုသတင်း

31_pic01
စစ်တွေ   သြဂုတ်   ၃၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန််ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန််ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင် တို့ဦးဆောင်သော အဖွဲ့သည် (၃၀-၈-၂၀၁၇) ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် မောင်တောမြို့နယ်အတွင်းရှိ တိုင်းရင်းသားများနေထိုင်သည့် မင်းကြီးရွာနှင့် တမန်းသားကျေးရွာများသို့ သွားရောက်ကာ ပြည်သူများအား သွားရောက်တွေ့ဆုံအားပေး နှစ်သိမ့်စကားပြောကြားပြီး လိုအပ်သော စားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးအပ်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းကြီးကျေးရွာသို့ ရောက်ရှိပြီး တိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံရာတွင် “အဓိကဦးစားပေးအနေဖြင့် ဒေသခံပြည်သူများ၏ လုံခြုံရေးကို အဓိက ဦးစားပေးဆောင်ရွက်ပေးနေကြောင်း၊ စားဝတ်နေရေးအတွက်လည်း ရိက္ခာများကို ထောက်ပံ့ပေးလျက်ရှိကြောင်း ယခုပြည်သူများအနေဖြင့် စားနပ်ရိက္ခာအတွက် မပူပင်ကြစေလိုကြောင်း၊ အခုအဓိကလာရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူများ ဘေးကင်းလုံခြံုရန်နှင့်ပိုပြီး ဘေးကင်းလုံခြံုသော နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးပေးရန်ဖြစ်ကြောင်း၊ လတ်တလောစားဝတ်နေရေးအခြေအနေ ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် ရိက္ခာများကိုလည်း နှစ်လစာ ကြိုတင်စီစဉ်ထားမှုရှိ၍ ပြည်သူများအနေဖြင့် ပူပန််စရာမလိုကြောင်း၊ ကျန်းမာရေးအတွက်လည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညိုနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမန်းသားကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများအား တွေ့ဆုံအားပေးနှစ်သိမ့်စကားပြောကြားပြီး ဒေသခံပြည်သူများက ၄င်းတို့နှင့် ဆက်သွယ်၍ရသော ဖုန်းနံပါတ်များကို မှတ်သားရရှိခဲ့ပြီး ၄င်းတို့ကလည်း လုံခြံုရေး၊ ကျန်းမာရေးကိစ္စများနှင့်ပတ်သက်၍ အရေးပေါ်ပေါ်ပေါက်လာပါက ဆက်သွယ်ရန် ဖုန်းနံပါတ်များကို စီစဉ်ပေးခြင်း၊ ကျန်းမာရေးနှင့် စားဝတ်နေရေးအတွက် တင်ပြလာသည့် အခက်အခဲများကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

(၃၀-၈-၂၀၁၇) ရက်နေ့တွင် သွားရောက်ခဲ့သည့် မောင်တောမြို့နယ်အတွင်းရှိ မင်းကြီးကျေးရွာနှင့် တမန်းသားကျေးရွာရှိ ဒေသခံတိုင်းရင်းသားများအား ခေါက်ဆွဲခြောက်၊ ငါးနီတူခြောက်များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆက်လက်၍လည်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events