လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၂၉-၈-၂၀၁၇)ရက်နေ့တွင် ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော အထောက်အထားမဲ့ မြန်မာအလုပ်သမား ၅၅ဦးကို ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ကြိုဆိုခဲ့ပါသည် အဆိုပါ ၅၅ဦးအနက်မှ ခရီးစရိတ်အခက်အခဲရှိသော ၇ဦးကို ၁ဦးလျင် (၂၀၀၀၀)နှုန်းဖြင့် (၁၄၀၀၀၀)ကို ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)