
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၁၇) ရက်နေ့တွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ငပုတောမြို့) နှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ရွှေမြကွင်းတို့၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ရာ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၆၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူများထံ လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)