ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ကမ်းပြိုဘေးနှင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

30_pic02

30_pic03
မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဆင်ခြေယာကျေးရွာအုပ်စု၊ ဇရပ်နီကျေးရွာ၌ (၂၅-၈-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့သည့် ဘေးသင့်အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စု၊ လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၁၅၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ထောင်စု (၄)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၄၃၁၅၀၀) ကျပ်နှင့် ရေစကြိုမြို့နယ်၊ အမှတ် ၁,၂,၈ ရပ်ကွက်တို့၌ မြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့သည့် အိမ်ခြေ (၈၈) လုံး၊ အိမ်ထောင်စု (၉၅) စုမှ လူဦးရေ (၄၆၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၉၈၄၉၀၀) တို့အား (၃၀-၈-၂၀၁၇) ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ကျေးရွာအုပ်ချုုပ်ရေးမှူးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events