ရခိုင်ပြည်နယ်အတွင်းဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်များတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များမှ အလှူငွေများ ပေးအပ်မှုသတင်း

၃၀-၈-၂၀၁၈
ရခိုင်ပြည်နယ်အတွင်း ဒေသခံတိုင်းရင်းသားများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စေတနာရှင်၊ လုပ်ငန်းရှင်များမှ အလှူငွေကျပ် သိန်း(၄၀၀)၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များမှ အလှူငွေကျပ် သိန်း(၃၀၀)နှင့် (၂၆၂)သိန်း တန်းဖိုးရှိ လူသုံးကုန်ပစ္စည်းများ၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ကျောင်းသား/ကျောင်းသူဟောင်းများ အသင်းမှ အလှူငွေကျပ် သိန်း(၁၀၀)၊ ဝိသာခါဖောင်ဒေးရှင်းမှ အလှူငွေကျပ် သိန်း(၁၀၀)၊ ဦးလှသက်မောင်+ပါမောက္ခဒေါက်တာဌေးဌေးတင်မှ ကျပ်သိန်း(၂၀)နှင့် ဒေါက်တာ နွေ့နွေ့အောင်တို့က ကျပ်သိန်း(၂၀)တို့ကို ပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ရန်ကုန်လေဆိပ်ဧည့်ခန်းမဆောင်တွင် ယနေ့လက်ခံရယူပြီး ၎င်းလှူဒါန်းငွေများကို ရခိုင်ပြည်နယ်ရှိ ဒေသခံတိုင်းရင်းသားများ၏ လိုအပ်သော အကူအညီ ထောက်ပံ့မှုများတွင် ထိရောက်အကျိုးရှိစွာ အသုံးပြုသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events