Category Archives: News
-
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် လျှပ်တပြက်ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ၌ (၆-၉-၂၀၁၇) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေကျဆင်းမှုကြောင့် နေအိမ် (၅၈) လုံးမျောပါပျက်စီး ခဲ့ပြီး၊ နေအိမ် (၁၆) လုံး တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသ ကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အဆိုပါ လျှပ်တပြက်ရေဘေးဖြစ်စဉ် ကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၇၄) စုမှ လူဦးရေ (၃၅၄) ဦးတို့ကို (၆-၉-၂၀၁၇) ရက်နေ့တွင် စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့၊ … Read more
-
စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ ရေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာအတွင်း တောင်ကျချောင်းရေဝင်ရောက်မှုကြောင့် ပျက်စီးအိမ်ခြေ (၇၄) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇,၄၀၀,၀၀၀) ကျပ်၊ ရေဘေးသင့်လူဦးရေ (၃၅၄) ဦး အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၇၄၃,၄၀၀) ကျပ်နှင့် လုံးဝပျက်စီးအိမ်ထောင်စု (၅၈) အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ တစိတ်တပိုင်း ပျက်စီးအိမ်ထောင်စု (၁၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား (၇-၉-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ ရှင်းလင်းတင်ပြသည့် အခမ်းအနားကျင်းပ
နေပြည်တော် စက်တင်ဘာ ၆ ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ … Read more
-
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တို့မှ ပြည်တွင်း၊ ပြည်ပ သတင်း မီဒီယာများအား သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်မှုသတင်း
သတင်းထုတ်ပြန်ချက် ၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းတို့က ပြည်တွင်း၊ ပြည်ပ သတင်းဌာန များအား ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ (၁၃:၃၀) နာရီတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂။ သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ကမ္ဘာ့သတင်းမီဒီယာအချို့တွင် သတင်းမှားများ ရေးသားဖော်ပြခြင်း၊ လူမှု ကွန်ယက်စာမျက်နှာများ၌ မဟုတ်မမှန် ထင်ယောင်ထင်မှားဖြစ်စေမည့် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်မီးသတ် ဦးစီးဌာနနှင့် ပူးပေါင်း၍ (၇-၉-၂၀၁၇) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ကျံဒိုးမြို့ အမှတ် (၂) ရပ်ကွက် အေးစေတီဓမ္မာရုံ၌ လူဦးရေ (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ဒွာရစုကျေးရွာ၌ ရေဝင်နစ်မြုပ်မှုကြောင့် မြေသား နူးအိကာ ပြိုကျ
-
မောင်တောခရိုင်အတွင်းရှိဒေသခံတိုင်းရင်းသားများအတွက် စားနပ်ရိက္ခာများ သွားရောက် ကူညီထောက်ပံ့ခြင်း၊ TIKA( Turkish Coopertion And Coordination Agency)မှလှူဒါန်းသော ဆန်အိတ်များလက်ခံခြင်း၊ ICRC၊ IFRC နှင့် MRCS တို့နှင့် အတူလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
စစ်တွေ စက်တင်ဘာ ၆ ၁။ ပြည်ထောင်စုအစိုးရ၏ဦးဆောင်မှုဖြင့် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ခေတ္တနေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် ဒေသခံတိုင်းရင်းသား များအတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းတို့သည် (၆-၉-၂၀၁၇)ရက်နေ့တွင် မောင်တောခရိုင် အတွင်းရှိ မင်္ဂလာညွန့်ကျေးရွာ နှင့်တမန်းသားကျေးရွာများသို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် သွားရောက်ကာ ဆန်၊ ပဲအိတ်၊ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စု၊ ဝေလှေကျေးရွာ၌ (၄-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာ (၇) ရက်စာ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၆,၃၀၀) ကျပ်တို့အား (၆-၉-၂၀၁၇) ရက်နေ့တွင် တာချီလိတ်မြို့နယ် ထွေအုပ်ရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more









