မောင်တောခရိုင်အတွင်းရှိဒေသခံတိုင်းရင်းသားများအတွက် စားနပ်ရိက္ခာများ သွားရောက် ကူညီထောက်ပံ့ခြင်း၊ TIKA( Turkish Coopertion And Coordination Agency)မှလှူဒါန်းသော ဆန်အိတ်များလက်ခံခြင်း၊ ICRC၊ IFRC နှင့် MRCS တို့နှင့် အတူလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

7_Pic_02 7_Pic_03 7_Pic_04 7_Pic_05 7_Pic_06 7_Pic_07 7_Pic_08

စစ်တွေ စက်တင်ဘာ ၆

၁။ ပြည်ထောင်စုအစိုးရ၏ဦးဆောင်မှုဖြင့် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ခေတ္တနေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် ဒေသခံတိုင်းရင်းသား များအတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းတို့သည်
(၆-၉-၂၀၁၇)ရက်နေ့တွင် မောင်တောခရိုင် အတွင်းရှိ မင်္ဂလာညွန့်ကျေးရွာ နှင့်တမန်းသားကျေးရွာများသို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် သွားရောက်ကာ ဆန်၊ ပဲအိတ်၊ ငရုတ်သီးခြောက် ၊ ငါးပိ၊ ကြက်သွန်၊ ငါးနီးတူခြောက်တို့ကို သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပြီး ဒေသခံတိုင်းရင်းသားများအား အားပေးစကားပြောကြား ခဲ့သည်။ အဆိုပါခရီးစဉ်တွင် ကျေးရွာများရှိ ဒေသခံတိုင်းရင်းသားများထဲမှ နေရပ်ခေတ္တပြန် လိုသော ပညာရေးဝန်ထမ်းများ၊ သက်ကြီးရွယ်အိုမနာမကျန်းများ၊ ကိုယ်ဝန်ဆောင်အမျိုး သမီးများအား ရဟတ်ယာဉ်ဖြင့် ဆန္ဒပြုရာနေရာသို့ ပြန်လည်ခေါ်ယူခဲ့ပါသည်။
၂။ ထို့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ TIKA( Turkish Coopertion And Coordination Agency)အဖွဲ့မှ လှူဒါန်းသော ဆန်အိတ် (၁၀၀၀၀)အိတ် အားလက်ခံရရှိခဲ့ပါသည်။
၃။ ဆက်လက်၍(၆-၉-၂၀၁၇) ရက်နေ့ညနေ (၁၉း၂၀)အချိန်တွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်သည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးတွင် ICRC၊ IFRC နှင့်MRCSတို့နှင့်အတူ လုပ်ငန်ညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

Sign Up

Upcoming Events