Category Archives: News
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကညင်ပင်ကျေးရွာအုပ်စု၊ ဒလယ်အက် ကျေးရွာတွင် ရေဝင် နစ်မြုပ်၍ မြေသားနူးအိကာ သစ်ပင်လဲကျ၍ ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် Unicef Family Kits (၂၆) မျိုးပါ (၁)ပုံး၊ ဆန်ရိက္ခာ (၇) ရက်စာ(၁၀,၅၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၀,၅၀၀) … Read more
-
လားရှိုးမြို့ လူမှုဝန်ထမ်းရုံးခန်းမ၌ ပြည်နယ်အဆင့် လူမှုစောင့်ရှောက်ရေးအထောက်အကူပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ပ့ံပိုးလမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Relief International တို့ပူးပေါင်းဆောင်ရွက်သော ပြည်နယ်အဆင့် လူမှုစောင့်ရှောက်ရေးအထောက်အကူပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို လားရှိုးမြို့ လူမှုဝန်ထမ်းရုံးခန်းမ၌ (၁၂-၉-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စား ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခြင်း၊ လူမှု/ကယ်ဆယ်မှ တာဝန်ရှိသူများက လူမှုစောင့်ရှောက်ရေးနှင့် သဘာဝလျော့ပါးရေးလုပ်ငန်းစဉ်များအား ဦးဆောင်ဆွေးနွေးခြင်း၊ တက်ရောက်လာသော ဌာနဆိုင်ရာများ UN၊ INGOs၊ NGOs၊ CSO အဖွဲ့အစည်းများမှ အပြန်အလှန်သုံးသပ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အင်အား (၉၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မိုးညှင်းမြို့ စိန်ပထရစ်ဘုရားကျောင်းသို့ နယ်မြေလုံခြုံရေးအရ ရွှေ့ပြောင်းရောက်ရှိလာသော အိမ်ထောင်စုများအတွက် ထောက်ပံံ့မှုသတင်း
(၁၂-၉-၂၀၁၇) ရက်နေ့တွင် မိုးညှင်းမြို့ စိန်ပထရစ်ဘုရားကျောင်းသို့ နယ်မြေလုံခြုံရေးအရ ရွှေ့ပြောင်းရောက်ရှိလာသော IDPs အိမ်ထောင်စု(၁၁)စု၊ လူဦးရေ(၅၂)ဦးတို့အား ကချင်ပြည်နယ်နယ်ဝန်ကြီးချုပ်ခရီးစဉ်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူး ဦးဝင်းဇော်ဌေးမှ ကယ်ဆယ်ပစ္စည်းမျိုး(၉)မျိုး(၁၁)စုနှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာ လူဦးရေ(၅၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၀၉၂၀၀)ကျပ်အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၁၇) ရက်နေ့တွင် ဘော်လခဲခရိုင်ဦးစီးမှူးရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၃) ရက်တာ ကြာမြင့်မည်ဖြစ်ပါသည်။ အဆိုပါ သင်တန်းသို့ ရပ်ကျေးအုပ်ချုပ် ရေးမှူးအပါအဝင် (၂၀) ဦးတက်ရောက်ခဲ့ပြီး ပြည်နယ်ကယ်ဆယ်ရေးဦးစီးဌာန၊ ဘော်လခဲခရိုင်မီးသတ်ဦးစီးဌာန၊ ဘော်လခဲခရိုင် မိုးဇလဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှ ဆွေးနွေးပို့ချမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ARSA အကြမ်းဖက်ဖြစ်စဉ်ကြောင့် မောင်တောမြို့ ၊ သာသနာ့ဗိမာန်စုရပ်သို့ ခိုလှုံရန်ရောက်ရှိလာသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
မောင်တောမြိ်ု့နယ်အတွင်း ARSA အကြမ်းဖက်ဖြစ်စဉ်ကြောင့် မောင်တောမြို့ ၊ သာသနာ့ဗိမာန်စုရပ်သို့ ခိုလှုံရန်ရောက်ရှိလာသည့် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများမှ အိမ်ထောင်စု (၁၀၁) စုအား ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၀၁) အိမ်ထောင်စာအား မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၁၇) ရက်ေနေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမား ကျား (၂၂) ဦး၊ မ (၃) ဦး စုစုပေါင်း (၂၅) ဦးအား သက်ဆိုင်ရာကော်မတီများနှင့်အတူ ပူးပေါင်းကြိုဆိုခဲ့ပြီး နေရပ်ပြန်ရန် ကားခမပါရှိသူ (၄) ဦးအတွက် ထောက်ပံ့ငွေ (၁၁၆,၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ နတ်ကျွန်းကျေးရွာအုပ်စု၊ ကင်မွန်းခါးကျေးရွာ၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အချက်များ ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများဝေငှခြင်းများကို ဆောင်ရွက်ခဲ့ပသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ (၁၅၀) ဦးရှိကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပုဗ္ဗသီရိမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ပုဗ္ဗသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကျည်တောင်ကန်၊ အမှတ်(၄)ရပ်ကွက်၌ လူနေအိမ်(၁)အိမ်နှင့် ဥယျာဉ်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ၌ လူနေအိမ်(၁)အိမ်တို့မှ ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ (၈-၉-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝ) ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀ဝ) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၁၁၀,၅၀ဝ) ကျပ်တိတိ အား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more
-
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ခေတ္တနေရပ်စွန့်ခွာတိုင်းရင်းသားများအတွက် လှူဒါန်းငွေများကို စနစ်တကျ ထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား
၁၂-၉-၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁၁-၉-၂၀၁၇) ရက်နေ့တွင် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Janet E.Jackson အား အဆိုပါ ဝန်ကြီးရုံး၊ မေခလာ ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် UNFPA ဌာနေကိုယ်စားလှယ်က ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာမှု အကူ အညီပေးအပ်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းထားပါကြောင်း၊ အသုံးအဆောင်ပစ္စည်း များ ထောက်ပံ့ရန်အသင့်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိလူငယ်များ၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ် သူများအား … Read more
-
ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တော မြို့နယ်အတွင်း (ARSA) အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မောင်တောမြို့၊ (၃) မိုင် ပရဟိတ ဘုန်းတော်ကြီးကျောင်းစုရပ်သို့ ခိုလှုံရန်ရောက်ရှိလာသည့် မြိုတိုင်းရင်းသားအိမ်ထောင်စု (၃၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၃၄) အိမ်ထောင်စုစာအား (၁၂-၉-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)









