သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ နတ်ကျွန်းကျေးရွာအုပ်စု၊ ကင်မွန်းခါးကျေးရွာ၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အချက်များ ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများဝေငှခြင်းများကို ဆောင်ရွက်ခဲ့ပသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ (၁၅၀) ဦးရှိကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events