ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ပ့ံပိုးလမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Relief International တို့ပူးပေါင်းဆောင်ရွက်သော ပြည်နယ်အဆင့် လူမှုစောင့်ရှောက်ရေးအထောက်အကူပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို လားရှိုးမြို့ လူမှုဝန်ထမ်းရုံးခန်းမ၌ (၁၂-၉-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စား ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခြင်း၊ လူမှု/ကယ်ဆယ်မှ တာဝန်ရှိသူများက လူမှုစောင့်ရှောက်ရေးနှင့် သဘာဝလျော့ပါးရေးလုပ်ငန်းစဉ်များအား ဦးဆောင်ဆွေးနွေးခြင်း၊ တက်ရောက်လာသော ဌာနဆိုင်ရာများ UN၊ INGOs၊ NGOs၊ CSO အဖွဲ့အစည်းများမှ အပြန်အလှန်သုံးသပ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အင်အား (၉၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)