ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမား ကျား (၂၂) ဦး၊ မ (၃) ဦး စုစုပေါင်း (၂၅) ဦးအား သက်ဆိုင်ရာကော်မတီများနှင့်အတူ ပူးပေါင်းကြိုဆိုခဲ့ပြီး နေရပ်ပြန်ရန် ကားခမပါရှိသူ (၄) ဦးအတွက် ထောက်ပံ့ငွေ (၁၁၆,၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)