သဘာဝဘေးအန္တရာယ်ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဖွင့်လှစ်မှုသတင်း

 

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၁၇) ရက်နေ့တွင် ဘော်လခဲခရိုင်ဦးစီးမှူးရုံးတွင်  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၃) ရက်တာ ကြာမြင့်မည်ဖြစ်ပါသည်။ အဆိုပါ သင်တန်းသို့ ရပ်ကျေးအုပ်ချုပ် ရေးမှူးအပါအဝင် (၂၀) ဦးတက်ရောက်ခဲ့ပြီး ပြည်နယ်ကယ်ဆယ်ရေးဦးစီးဌာန၊ ဘော်လခဲခရိုင်မီးသတ်ဦးစီးဌာန၊ ဘော်လခဲခရိုင် မိုးဇလဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှ ဆွေးနွေးပို့ချမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။

Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events