ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တော မြို့နယ်အတွင်း (ARSA) အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မောင်တောမြို့၊ (၃) မိုင် ပရဟိတ ဘုန်းတော်ကြီးကျောင်းစုရပ်သို့ ခိုလှုံရန်ရောက်ရှိလာသည့် မြိုတိုင်းရင်းသားအိမ်ထောင်စု (၃၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၃၄) အိမ်ထောင်စုစာအား (၁၂-၉-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)