ပုဗ္ဗသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကျည်တောင်ကန်၊ အမှတ်(၄)ရပ်ကွက်၌ လူနေအိမ်(၁)အိမ်နှင့် ဥယျာဉ်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ၌ လူနေအိမ်(၁)အိမ်တို့မှ ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ (၈-၉-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝ) ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀ဝ) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၁၁၀,၅၀ဝ) ကျပ်တိတိ အား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)