Category Archives: News
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း (၁၉-၉-၂၀၁၇) ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်/ ကျေးရွာ (၁၇) ခုရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁၁၈၂) လုံး၊ အိမ်ထောင်စု (၁၂၃၂) စုမှ လူဦးရေ (၅၃၀၃) ဦးသည် နီးစပ်ရာဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆွေမျိုးများနေအိမ်နှင့် ကျေးရွာဓမ္မာရုံများသို့ ယာယီပြောင်းရွှေ့ခိုလှုံလျက်ရှိရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များက သက်ဆိုင်ရာဒေသအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယာယီပြောင်းရွှေ့ အိမ်ထောင်စုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ဆန်ရိက္ခာဖိုးငွေ … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ (၆ – ၈ -၂၀၁၇) ရက်နေ့ တွင် ဘုရားကုန်း ကျေးရွာချောင်းရေစီးကြောင်းအတွင်းမျောပါသေဆုံးသွားသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား (၁၉-၉-၂၀၁၇) ရက်နေ့တွင် သေဆုံးသူ၏ မိသားစုထံသို့သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်း၌ သင်ခန်းစာများဆွေးနွေးပို့ချမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထွေ/အုပ် ဦးစီးဌာနတွင် Myanmar Red Cross Society မှ (၆-၉-၂၀၁၇) ရက်နေ့မှ (၂၀-၉-၂၀၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ် ကြောင့် ထိခိုက်နိုင်ခြေစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူတစ်ဦးမှ (၂၀-၉-၂၀၁၇) ရက်နေ့တွင် မြန်မာနိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲမှု စနစ်များ၊ ဥပဒေ၊ နည်းဥပဒေနှင့် ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများနှင့် ဖွဲ့စည်း ဆောင်ရွက်မှုသင်ခန်းစာများ ဆွေးနွေးပို့ချခဲ့ပြီး ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် သဘာဝဘေးအန္တရာယ်နှင့် … Read more
-
ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၁၇) ရက်နေ့မှစ၍ မိုးရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သော ကလေးခရိုင်၊ ကလေးမြို့နယ်မှ ပြောင်းရွှေ့အိမ်ခြေ (၅၄၇) အိမ်ထောင်စုမှ လူဦးရေ (၂၂၉) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄,၈၁၃,၂၀၀) ကျပ် တို့အား ဘေးဖြစ်ပွားရာဒေသသို့ တိုင်းဒေသကြီးလွှတ်တော်အမတ် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ မြို့နယ်စီမံကိန်း ဦးစီးမှူး၊မြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ (၂၀-၉-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး
-
ရေဘေးသင့်ပြည်သူများထောက်ပံ့ပေးနေမှု ကနဦးသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်းရှိ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကလေးခရိုင်ရုံးမှ ရေဘေးရှောင်ပြည်သူတစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းစီဖြင့် တစ်ပတ်စာအတွက် ထောက်ပံ့ပေးခြင်းကို စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ချင်းရေးရာဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံကိန်းဦးစီးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ကလေးခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးတို့က အမှတ်(၁၅)အခြေခံ ပညာမူလတန်းလွန်ကျောင်းနှင့် အောင်မြေမာန်ရပ်ကွက် ဒီပက္ခရာဘုန်းတော်ကြီးကျောင်းရှိ ကယ်ဆယ်ရေးစခန်းသို့ ဆန်ဖိုးငွေများ သွားရောက်ထောက်ပံ့ပေးပြီး အားပေးစကားပြောကြားလျှက်ရှိကြောင်း ကနဦးသတင်းရရှိပါသည်။
-
(ARSA) ဘင်္ဂလီအကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာပြီး ယာယီ လာရောက်ခိုလှုံကြသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှတာဝန်ရှိသူများသည် သံတွဲခရိုင်၊ သံတွဲမြို့နယ် ခမောင်းတုန်းကျေးရွာအုပ်စု၊ ဒေါ်မြကျေးရွာသို့ ရောက်ရှိ ခိုလှုံနေသည့် နေရပ်စွန့်ခွါအိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၀) ဦး အတွက် ဆန် (၁၇) ပြည် (၄) ဗူး၊ ဆီ (၁) ပိဿာ (၅၀) ကျပ်သား ပဲ (၁) ပိဿာ (၅၀) သားနှင့် ဆား (၇၅) ကျပ်သားတို့ကို (၁၉-၉-၂၀၁၇) ရက်နေ့တွင် သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေး ခဲ့ကြောင်း … Read more
-
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားမချောင်ကျေးရွာနှင့် အထက်ကဇင်းတောကျေးရွာ၌ (၉-၉-၂၀၁၇)၇က်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ နေအိမ်(၇)လုံး၊ အိမ်ထောင်စု (၇)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၇၀၀,၀၀၀)နှင့် လူဦးရေ (၂၇)ဦးစာအတွက် ဆန်ရိက္ခာတန်ဖိုးငွေ (၅၆,၇၀၀) စုစုပေါင်းတန်ဖိုးငွေကျပ် (၇၅၆,၇၀၀) အား (၁၈-၉-၂၀၁၇)၇က်နေ့တွင် ပန်းတနော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဟားခါးမြို့ စျေးဟောင်းရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အန္တရာယ်ရှိသည့်နေရာမှ ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည့် အိမ်ထောင်စုများအတွက်ထောက်ပံ့မှုသတင်း
(၁၈-၉-၂၀၁၇) ရက်နေ့တွင် မိုးရွာသွန်းမှုကြောင့် ဟားခါးမြို့၊ စျေးဟောင်းရပ်ကွက်၊ ဒါအုချိန်းလမ်း၌ အန္တရာယ်ရှိ လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၈)ဦးတို့အား ဘေးလွတ်သည့်နေရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရာ အဆိုပါအိမ်ထောင်စုများအတွက် ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့် လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ (၁၆၈၀၀) ကျပ်အား (၁၉-၉-၂၀၁၇) ရက်နေ့တွင် ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အတူ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာ၌ (၉-၉-၂၀၁၇)၇က်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ နေအိမ်(၃၈)လုံး၊ အိမ်ထောင်စု (၃၈)စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၃,၈၀၀,၀၀၀)နှင့် လူဦးရေ (၁၄၄)ဦးစာ ဆန်ရိက္ခာတန်ဖိုးငွေ (၃၀၂,၄၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၄,၁၀၂,၄၀၀) အား (၁၈-၉-၂၀၁၇)၇က်နေ့တွင် ပန်းတနော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။









