(၁၈-၉-၂၀၁၇) ရက်နေ့တွင် မိုးရွာသွန်းမှုကြောင့် ဟားခါးမြို့၊ စျေးဟောင်းရပ်ကွက်၊ ဒါအုချိန်းလမ်း၌ အန္တရာယ်ရှိ လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၈)ဦးတို့အား ဘေးလွတ်သည့်နေရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရာ အဆိုပါအိမ်ထောင်စုများအတွက် ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့် လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ (၁၆၈၀၀) ကျပ်အား (၁၉-၉-၂၀၁၇) ရက်နေ့တွင် ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အတူ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)