စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်မှုသတင်း

21 Pic 02 21 Pic 01စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း (၁၉-၉-၂၀၁၇) ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်/ ကျေးရွာ (၁၇) ခုရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ရာ  အိမ်ခြေ (၁၁၈၂) လုံး၊ အိမ်ထောင်စု (၁၂၃၂) စုမှ လူဦးရေ (၅၃၀၃) ဦးသည် နီးစပ်ရာဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆွေမျိုးများနေအိမ်နှင့် ကျေးရွာဓမ္မာရုံများသို့ ယာယီပြောင်းရွှေ့ခိုလှုံလျက်ရှိရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များက သက်ဆိုင်ရာဒေသအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယာယီပြောင်းရွှေ့ အိမ်ထောင်စုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ဆန်ရိက္ခာဖိုးငွေ ကျပ်သိန်း (၉၀) ကျော်ကို အရေးပေါ်ထောက်ပံ့ပေးခဲ့ပြီး ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Source: ကဆရ

Sign Up

Upcoming Events