ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထွေ/အုပ် ဦးစီးဌာနတွင် Myanmar Red Cross Society မှ (၆-၉-၂၀၁၇) ရက်နေ့မှ (၂၀-၉-၂၀၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ် ကြောင့် ထိခိုက်နိုင်ခြေစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူတစ်ဦးမှ (၂၀-၉-၂၀၁၇) ရက်နေ့တွင် မြန်မာနိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲမှု စနစ်များ၊ ဥပဒေ၊ နည်းဥပဒေနှင့် ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများနှင့် ဖွဲ့စည်း ဆောင်ရွက်မှုသင်ခန်းစာများ ဆွေးနွေးပို့ချခဲ့ပြီး ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သတ်သည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေးလက်ကမ်းစာစောင် (ရေဘေး၊ မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေး) များ သင်တန်းသူ/သင်တန်းသားများအား ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)